Sunday, May 2, 2010

အင်းဆားမီးဆုခံ

ခေါင်းစဉ်ကိုဖတ်ရုံနဲ့ ခေါင်းစားသွားရင် တောင်းပန်ပါတယ်။ လွမ်းရင်းလွမ်းရင်း Scope ကနည်းနည်းကျဉ်းသွားတော့ တောင်ကြီး၊ အင်းလေးဘက်ကလူတွေမဟုတ်ရင် နားလည်ဖို့မသေချာတဲ့ စကားလုံးတွေ ရေးချလိုက်မိတယ်။ ခွင့်လွှတ်ပေးပါ။ မနေ့က အင်းထဲပြန်ရောက်သွားတာ.... အရှိန်မသေသေးလို့ပါ။

အုန်းဆီးစားချင်...အုန်းပင်စိုက်
အပျိုရချင်...ငါ့နောက်လိုက်
(ငါ့နောက်လိုက် ဟေ့ ငါ့နောက်လိုက်)

အင်းဆားရိုးရာ...တတုံးကျန်
မိန်းမရမှ...မီးပုံးပျံ
(မီး..ပုံးပျံ၊...မီး..ပုံးပျံ)

ချဉ်ခြားဆီး...ပိုးထိုး
ရွှာမဆူမ...ရအောင်ပိုး
(ရအောင်ပိုး ဟေ့ ရအောင်ပိုး)

ချဉ်ခြားဆီး...ဆားရေစိမ်
မိန်းမလက်ကို...ရအောင်ကိုင်
(ရအောင်ကိုင် ဟေ့ ရအောင်ကိုင်)

ဟောအလှူလည်း ... ၀င်ကာမြူး
အဲအလှူလည်း...၀င်ကာမြူး
(ဂျူး...မြစ်လူး၊ ဂျူး...မြစ်လူး)

ဟိုအပျိုလည်း...ငွေတွဲလွဲ
ဒီအပျိုလည်း...ငွေတွဲလွဲ
(ဟဲယာပွဲ၊ ဟဲဟာပွဲ)

ဟိုးနားလူခဲ...အလွယ်လိုက်
မိန်းမရလည်း...ready made
(ready made..ready made)

ဟိုဟာဝယ်လည်း...အပိုပေး
ဆည်ဟာဝယ်လည်း...အပိုပေး
(ရေ..ပေါ်ဈေး၊ ရေ..ပေါ်ဈေး)

မိန်းမ၀၀...ရေထဲကလ
(ပတ်ခေဆီး...ပတ်ခေဆီး)
မိန်းမပိန်ပိန်...ရေထဲစိမ်
(အီကြာကွေး..အီကြာကွေး)


ပင်စိမ်းဆီး...ပိုးထိုး
အင်းလေးဆူမ...ရအောင်ပိုး
(ရအောင်ပိုး ဟေ့ ရအောင်ပိုး)

ပင်စိမ်းဆီး...နေဆာလောင်
မိန်းမလက်ဆောင်..ပေးရအောင်
(ပေးရအောင် ဟေ့ ပေးရအောင်)

ဘိလပ်ရေ...အမြှုပ်ထ
ငါယူမှာက...အင်းဆူမ
(အင်းဆူမ ဟေ့ အင်းဆူမ)

ဘိလပ်ရေ...ချိုချိုလေး
ငါယူမှာက...အပျိုလေး
(အပျိုလေး ဟေ့ အပျိုလေး)

သပြေပန်း...ဘုရားမှာလှူ
ရွှာမဆူမ...ရအောင်ယူ
(I Love You...I Love You)

7 comments:

  1. ပင်စိမ်းသီး ပိုးထိုး
    တောင်ကြီးသူမ ရအောင်ပိုး

    ဘိလပ်ရေ အမြုပ်ထ
    ငါယူမှာက ပအိုဝ်းမ

    ကိုယ်က တောင်ကြီးက ပအိုဝ်းမမို့ ပြောင်းဆိုသွားတယ်။ :)

    ReplyDelete
  2. အပေါ်က ဇွန်ပန်းတွေ လှလိုက်တာ။

    ReplyDelete
  3. အန်းဆားမဟုတ်ဘူးလား

    ReplyDelete
  4. ဖတ်သွားပါတယ်၊ အင်းဆား ကဗျာလား သံပေါက်လား၊ အီကြာကွေးတော့သိတယ်၊ ပတ်ခေဆီးမသိဘူး၊
    ဗဟုသုတရပါတယ်။

    ReplyDelete
  5. ပတ်ခေဆီး=ရွှေဖရုံသီး :)

    ReplyDelete
  6. ထမန်းဆားပြီး တမျိုးလို
    ဆေးလိပ်တို ဆေးလိပ်တို...:D

    ReplyDelete
  7. I was also grown up from Minethauk. Your posts and writings touch me a lot. Your compositions make me I were there. Please let others know when we sing this chorus. I will be waiting for your coming posts. Thank you.

    ReplyDelete