့်(photo: http://www.demowaiyan.co.cc/2010/05/blog-post_3769.html)
ဒီဓါတ်ပုံနှစ်ပုံက ရိုက်ထားတဲ့ နေရာချင်း၊ယူထားတဲ့ ရှုထောင့်ချင်းမတူပေမယ့် အပြင်မှာတော့ ချောင်းတခုထဲ တဆက်ထဲပါ။ အပေါ်ပုံကနေ မီတာ ၂၀၀လောက်သွားလိုက်ရင် အောက်ကပုံရဲ့နေရာကိုရောက်ပါပြီ။ အပေါ်ပုံကတော့ ပုံမှန်ချောင်းထဲမှာရေရှိနေတဲ့အချိန်မှာ ရိုက်ထားတာဖြစ်ပြီး အောက်ကပုံကတော့ ခုလောလောဆယ်ဖြစ်နေတဲ့ အခြေအနေပါ။
ကျွန်မတို့အင်းလေးမှာနေတဲ့လူတွေတင်မကပဲ အင်တာနက်မှာ၊ ဂျာနယ်တွေမှာ အင်းလေးကန်ရဲ့ ရေခန်းနေတဲ့ပုံတွေကြည့်ရတဲ့လူတိုင်းစိတ်မကောင်းဖြစ်ကြ၊ စိတ်ညှိုးနွမ်းပူပန်မှုကို ခံစားကြရတာ။ လွန်ခဲ့တဲ့တလလောက်ထဲက ကျွန်မတို့အချင်းချင်း တွေ့ကြရင်ဖြစ်ဖြစ်၊ ဖုန်းဆက်ဖြစ်ရင်ဖြစ်ဖြစ် အများဆုံးပြောဖြစ်ကြတဲ့အကြောင်းအရာက အင်းထဲမှာဘယ်လောက် ရေခြောက်နေပြီဆိုတဲ့အကြောင်းပဲ။ ရွာကိုဖုံးဆက်ဖြစ်ရင် မေးဖြစ်တဲ့ အကြောင်းကလဲ ရေအကြောင်းပဲ။
နှစ်တိုင်း နွေရာသီဆိုပုံမှန်ရှိနေကျရေထက်နည်းသွားတတ်တာသဘာဝပေမယ့် ဒီနှစ်ကတော့ စံချိန်တင် လိုက်တာပါပဲ။ သမိုင်းပေစာအထောက်အထားအရ ဒီနှစ်မှာ ရွာသက်တမ်း နှစ်၅၀၀ပြည့်ပြီဖြစ်တဲ့ ကျွန်မတို့ရဲ့ဟဲယာရွာမမှာ ဒီလောက်ရေခမ်းခြောက်တဲ့အဖြစ်မျိုးဟာ ဒီတခါပဲဖြစ်ဖူးတယ်။ မွေးကထဲက ဘယ်နေရာကြည့်ကြည့် တောင်တန်းနဲ့၊ ရေနဲ့ဆိုတာ အမြဲမြင်တွေ့နေရတဲ့ လူတွေအခုလိုအဖြစ်မျိုးကြုံရတော့ လူတိုင်းစိတ်ထိခိုက်၊ ၀မ်းနည်းကြပါတယ်။
ပြီးခဲ့တဲ့အပတ်က အဒေါ်တွေနဲ့ ဖုံးပြောဖြစ်လို့မေးရင်း သူတို့ဆိုပြောရင်းနဲ့ ငိုသံတောင်ပါလာပါတယ်။ ကျွန်မငယ်ငယ်တုံးက တချို့အမျိုးတွေ ရန်ကုန်လာလည်ရင် တအံ့တသြပြောတာက နင်တို့ဆီမှာ ရေလဲမရှိဘူး၊ တောင်လည်းမရှိဘူးနော်တဲ့။ ရန်ကုန်ကို တခေါက်မကရောက်ဖူးလဲရေမရှိ၊ တောင်မရှိတဲ့အဖြစ်ဟာ သူတို့အတွက်ထူးဆန်းနေတုံးပဲ။ ရန်ကုန်မှာနေလို့တပတ်၊ နှစ်ပတ်လောက်ရှိလာရင်တောင်တွေ၊ ရေတွေကိုလွမ်းလာကြပါပြီ။ သူတို့ကို ပြန်ရွှင်လန်းစေချင်ရင်တော့ အင်းလျားကန်၊ ကန်တော်ကြီး၊ ကျောင်တန်းရေလည်ဖက်ခေါ်သွားရင်နည်းနည်း အလွမ်းပြေသွားကြရော။ အဲဒါကိုကြည့်ရင် သူတို့ဘ၀က ရေထဲမှာနေရတာ ဘယ်လောက်အသားကျနေလဲလို့ သိနိုင်ပါတယ်။
မြန်မာနိုင်ငံအရပ်ရပ်က၊ ကမ္ဘာအရပ်ရပ်ကလူတွေကတော့ တောင်ပေါ်မှာရှိတဲ့ရေကန်ကြီးဆိုပြီး အထူးအဆန်း အနေနဲ့ လာလည်ကြပေမယ့် တခြားဒေသကိုသိပ်အရောက်အပေါက်မရှိတဲ့ ကျွန်မတို့ရဲ့အမျိုးတချို့ကတော့ တခြားနေရာမှာ ငါတို့လို ရေလဲမရှိဘူးဆိုပြီး အံ့သြကြတယ်။
တကယ်တော့ အင်းလေးကန်ရဲ့ အဓိကရေအရင်းအမြစ်က ကန်ရဲ့ ပတ်ပတ်လည်မှာ ရှိတဲ့တောင်တန်းတွေက နေစီးဆင်းလာတဲ့ချောင်းတွေကပါ။နွေရာသီရောက်ရင်မိုးမရွာတာရယ်၊နေပူရှိန်ကြောင့်ရေငွေ့ပျံတာရယ်ကြောင့် ကန်ရေပြင် တိမ်သွားတတ်တာ၊ ချောင်းတွေမှာရေနည်းသွားတတ်တာ နှစ်စဉ်ဖြစ်နေကျ သဘာဝဆိုပေမယ့် လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကစပြီးမှတချို့ချောင်းထဲတွေမှာရေမရှိသလောက် ခန်းသွားမျိုးစကြုံခဲ့ရပါတယ်။
ကျွန်မတို့အိမ်ရှေ့ကချောင်းဆိုရင် လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကစပြီး တချို့နှစ်နွေရာသီမှာ လုံးဝခြောက်သွားလိုက်၊ တချို့နှစ် နွေရာသီမှာတော့ မော်တော်တစင်း၊ နှစ်စင်း သွားရုံလောက်တော့ ရေကျန်လိုက်နဲ့။
ဒါပေမယ့် ၂၀၀၈ခုနှစ် မေလမှာ ကျွန်မအင်းလေးပြန်တုံးက အပေါ်ကဓါတ်ပုံထဲမှာပါတဲ့ ရေခြောက်နေတဲ့ချောင်းမှာ မော်တော်မောင်းလို့ရခဲ့ပါသေးတယ်။ အဲဒီချောင်းကကျွန်မတို့ရွာကနေ ဖောင်တော်ဦးဘုရားကိုသွားတဲ့ ချောင်းမကြီးတခုပေါ့။ ရွာပြန်ခါနီး ဖုန်းဆက်မေးရသေးတယ်။ အိမ်ရှေ့ချောင်းမော်တော်ဝင်လို့ရလားလို့။ ရေတော့နည်းနေပေမယ့် ရေကြောင်းသိတဲ့ မော်တော်သမား ဆိုရင်တော့မောင်းလို့ရတယ်ဆိုပြီး ကျွန်မတို့ကို ရွာကမောင်လေးတွေကပဲ ဖောင်တော်ဦးဘုရားမှာ မော်တော်နဲ့ လာကြိုပြီး သူတို့မော်တော်ကရှေ့ကမောင်း၊ ညောင်ရွှေကမော်တော်သမားက သူတို့မောင်းတဲ့ လမ်းကြောင်းအတိုင်းနောက်ကလိုက်မောင်းလို့ ရင်တထိတ်ထိတ်နဲ့ အိမ်ရောက်ခဲ့တယ်။ ဒီနှစ်တော့ အဲဒီချောင်းက ရေတစက်မှတောင်မရှိတော့ဘူး။ အိမ်ရှေ့ကချောင်းကတော့ ပက်ကြားအက်တောင်ပေါ်နေပါပြီ။
ကံကောင်းတယ်လို့ပဲပြောရမလား၊ ဒုက္ခတွေကို ဝေမျှမခံစားဘူး လို့ပဲပြောရမလား။ အဲလောက်ရေခမ်းတဲ့အချိန်မှာ တခါမှ ရွာကိုမပြန်ဖြစ်ခဲ့ဘူး။ ပြန်သွားဖြစ်တဲ့အချိန်မှာ ဆိုလဲ ဒီနှစ်နွေမှာတော့ ရေဘယ်လိုနည်းတာဆိုတဲ့ခေါင်းစဉ်နဲ့ ပြောပြခဲ့ကြပေမယ့် သူတို့ကလဲ ဓါတ်ပုံရိုက်ထားတာတို့၊ ဘာတို့မလုပ်ထားတော့ ကိုယ့်မျက်စိနဲ့ တွေ့ဖူးလိုက်ရတာတော့ ဒီနှစ်မှပါပဲ။
ပုံမှန်ဆိုရင်တော့ သင်္ကြန်ပြီးလို့ နှစ်သစ်တရားနာပြီးချိန်ဆိုရင် မိုးတခါလောက်ရွာ၊ မေလလယ်လောက် တောင်ပေါ်မှာလဲ မိုးစရွာပြီဆိုရင် ချောင်းရေ တွေဆင်းပြီး ဇွန်၊ ဇူလိုင်လောက်ဆိုရင် ချောင်းတွေမှာ ရေတဖြည်းဖြည်းပြန်ပြည့်လာပါတယ်။ စက်တင်ဘာ၊ အောက်တိုဘာကတော့ ရေအပြည့်ဆုံး လတွေပေါ့။ ဆောင်းတွင်းမှာ ရေပုံမှန်ရှိနေပြီး နွေစ၀င်တာနဲ့ ရေတဖြည်းဖြည်းပြန်နည်းသွားတတ်တာ နှစ်စဉ်လည်နေကျ သဘာဝစက်ဝိုင်းပါ။

အင်းထဲမှာမိုးမရွာပေမယ့် တောင်ပေါ်တွေမှာမိုးရွာရင်လဲ ချောင်းရေတွေဆင်းလာတာမို့ မိုးရွာဖို့သာအဓိကပါ။ အခုသင်္ကြန်ပြီးနောက်ပိုင်း ရွာတိုင်းရွာတိုင်းမှာ နှစ်သစ်တရားနာတွေဆက်တိုက်လုပ်နေကြတယ်လို့သိရပြီး ဒီမနက်ကတော့အင်းလေးကိုဖုံးဆက်ပြီးတဲ့အကိုတယောက်ဆီကသတင်းကောင်းကြားလိုက်ရလို့ နဲနဲစိတ်ချမ်းသာသွားပါတယ်။ မနေ့ကတောင်ကြီးအင်းလေးမှာမိုးရွာတယ်တဲ့။
မိုးဦးရေ..အင်းလေးကိုဓါတ်ပုံတွေမှာမြင်၇တာ..စိတ်ကိုမကောင်းဘူး..
ReplyDeleteမိုးရွာတယ်ဆိုလို့တော်ပါသေးရဲ့....
စိတ်လုံးဝလုံးဝကြီးကို မကောင်းဘူး
ReplyDelete...ငိုခြင်လာမိတယ်
ဒီနှစ် ရေ ခြောက်ခန်းပုံကတော့ တစ်ခါမှ မကြုံဘူးအောင်ပါပဲ။ မြန်မာနိုင်ငံအနှံ့ မိုးအမြန်ရွာပါစေ။
ReplyDeleteအင်းလေး၊ ဖောင်တော်ဦးဘုရားနားက သုံးထပ်အိမ်မှာ တစ်ပတ်လောက်နေဖူးတယ်၊ လှေကလေးစီးလို့ လျှောက်သွားဖူးတယ်၊
ReplyDeleteအင်းလေးခေါင်တိုင်မှာလည်း နေဖူးတယ်၊
အင်းလေးဟာ စွဲမက်ဖွယ်ရာ ပါပဲ၊
အခုတော့ မိုးရွာပြီဆိုလို့ စိတ်ချမ်းသာလာရပါပြီ။
မိုးရွာတယ်လို့ကြားရတာစိတ်သက်သာစရာပေမယ့်...ရေခြောက်နေတဲ့ ချောင်းတွေမှာ ချက်ချင်းကြီး ပြန်ပြည့်ဖို့တော့ မျှော်လင့်လို့မရသေးဘူးနော်။
ReplyDelete