အဆီးစားချင်....အပင်စိုက်
လူပျိုရချင်....တို့နောက်လိုက်။
လူပျိုရချင်....တို့နောက်လိုက်။
(တို့နောက်လိုက် ဟေ့ တို့နောက်လိုက်)
ဟိုအပျိုလည်း...ငွေတွဲလွဲ
ဒီအပျိုလည်း...ငွေတွဲလွဲ
(ဟဲယာပွဲ၊ ဟဲဟာပွဲ)(ဓါးသိုင်းကဖို့ ဓါးနှစ်လက်နဲ့ MRT ထဲဝင်သွားတော့ ပုလိပ်ရဲ့အစစ်ကို ခံလိုက်ရသေးတယ်တဲ့။ ပုလိပ်တွေစိုးရိမ်မယ်ဆိုလဲ စိုးရိမ်စရာပဲ။ ဓါးတွေကအကြီးကြီးတွေကိုး)
အောက်ကပုံတွေကတော့ အင်သားမီးဆုခံအကပုံတချို့ဖြစ်ပါတယ်။ ဒီအကကို ကျွန်မတို့ဆီမှာ ရှင်ပြုအလှူပွဲပြီးသွားရင် ရပ်ကွက်ထဲက အပျိုလူပျိုတွေက အလှူအိမ်မှာ အုပ်စုလိုက်သွားကလေ့ရှိပါတယ်။ ၀တ်တဲ့အ၀တ်အစားကလဲ ဓါတ်ပုံကအတိုင်းပါပဲ။ မိန်းခလေးဆိုရင် ဟဲယာထမီနဲ့ ပင်နီအင်္ကျီနဲ့၊ ယောက်ျားလေးဆိုရင် ရှမ်းဘောင်းဘီနဲ့ ကော်လာကတုံးနဲ့ (ဒါမှမဟုတ်ရှမ်းတိုက်ပုံနဲ့)။ အကသမားက ငါးစုံတွဲ၊ခြောက်စုံတွဲလောက်၊ အတီးသမားက လေးငါးယောက်လောက်နဲ့ မီးဆုခံကလေ့ရှိကြတယ်။
အုပ်စုလိုက်ကနေရင်းနဲ့ တယောက်က ငွေဖလားကိုလက်ထဲမြှောက်ကိုင်ပြီး အလှူ့ရှင်တွေရှေ့မှာလှည့်ပတ် ကပြီး အလှူခံတယ်။ လိုချင်တဲ့အလှူငွေမပြည့်မချင်း အက၊အတီးမနားပဲ ဆက်တိုက်က၊ တခါတလေတော့ အကသမားကမောနေပြီ၊ အတီးသမားတွေကလဲမရပ်၊ အလှူ့ရှင်တွေကလဲ တမင်နောက်ပြီး အလှူငွေကို တဖြည်းဖြည်းနဲ့ နည်းနည်းချင်းထည့်တာ။ မောကြရင် ခဏနား၊ ဧည့်ခံတာတွေစားသောက်ပြီး တခါထပ်ကကြ၊။ အလှူ့ရှင်တွေဆီကတင်မဟုတ်ပဲ အလှူရှင်ရဲ့ အမျိုးတွေကိုပါ အလှူခံတာရှိသေးတယ်။ ကိုယ်အလှူခံချင်တဲ့ တယောက်ကိုပဲ အလှူငွေမထည့်မချင်းလှည့်ပတ်ကနေ၊ ဘေးနားကလူတွေကမြှောက်ပေးနဲ့ပေါ့။ နောက်ဆုံးတီးတဲ့ကတဲ့လူတွေလဲ မော၊ ကျေနပ်လောက်တဲ့အလှူငွေလဲရ၊ အလှူ့ရှင်အိပ်ကပ်ထဲမှာလဲ ပြောင်တော့မှ ရပ်တော့ တာ။အောက်ကပုံတွေကတော့ အင်သားမီးဆုခံအကပုံတချို့ဖြစ်ပါတယ်။ ဒီအကကို ကျွန်မတို့ဆီမှာ ရှင်ပြုအလှူပွဲပြီးသွားရင် ရပ်ကွက်ထဲက အပျိုလူပျိုတွေက အလှူအိမ်မှာ အုပ်စုလိုက်သွားကလေ့ရှိပါတယ်။ ၀တ်တဲ့အ၀တ်အစားကလဲ ဓါတ်ပုံကအတိုင်းပါပဲ။ မိန်းခလေးဆိုရင် ဟဲယာထမီနဲ့ ပင်နီအင်္ကျီနဲ့၊ ယောက်ျားလေးဆိုရင် ရှမ်းဘောင်းဘီနဲ့ ကော်လာကတုံးနဲ့ (ဒါမှမဟုတ်ရှမ်းတိုက်ပုံနဲ့)။ အကသမားက ငါးစုံတွဲ၊ခြောက်စုံတွဲလောက်၊ အတီးသမားက လေးငါးယောက်လောက်နဲ့ မီးဆုခံကလေ့ရှိကြတယ်။
အဲဒီ့အလှူငွေက ရပ်ကွက်အပျိုလူပျိုတွေရဲ့ ရံပုံငွေဖြစ်ပြီး၊ ရပ်ကွက်ပိုင်ပစ္စည်းတွေဝယ်တဲ့အခါ ဒါမှမဟုတ် အများအတွက် လိုအပ်တဲ့နေရာမှာ သုံးကြပါတယ်။
ကျွန်မတို့ဆီမှာက အလှူတခုလုပ်ရင် ရွာကအပျိုလူပျိုတွေက ဝေယျာဝိစ္စကူလုပ်ကြရတယ်။ ကျွန်မတို့ရွာက လူ နေအိမ်ခြေများတဲ့ရွာကြီးဆိုတာ့ ရပ်ကွက် (၁၂)ရပ်ကွက်ရှိပြီး စုစုပေါင်းအိမ်ခြေ တစ်ထောင်လောက်ရှိပါတယ်။ ဝေယျာဝိစ္စလုပ်ဖို့ တာဝန်ခွဲတဲ့အခါမှာ အလှူ့ရှင်ရဲ့ရပ်ကွက်နဲ့အနီးဆုံးရပ်ကွက်တွေကို ၊ တာဝန်ခွဲပေးလေ့ ရှိပါတယ်။ ဒီရပ်ကွက်က ထမင်းကျွေးတဲ့တာဝန်ကျရင် နောက်တရပ်ကွက်က လက်ဖက်ရည်ဧည့်ခံတဲ့တာဝန်၊ နောက်ရပ်ကွက်ကတော့ ဘာပေါ့။
တခြားဒေသမှာတော့ ရှိမရှိမသိဘူး။ ကျွန်မတို့ဆီမှာက ရေနွေးကြမ်းကို လက်ဖက်ခြောက်အစိမ်းနဲ့ခတ်မှ သောက်တဲ့လူနဲ့ လက်ဖက်ခြောက်ကို လှော်ပြီးသားခတ်မှသောက်တဲ့လူ နှစ်မျိုးကွဲနေတယ်။ အစိမ်းသောက်တဲ့ လူကလဲ အလှော်ကို မသောက်ဘူး၊ အလှော်သောက်တဲ့လူကလဲ အစိမ်းအိုးကိုမထိဘူး။ အဲဒီတော့ လက်ဖက်ရည်ပွဲဧည့်ခံရတဲ့လူတွေမှာ တ၀ိုင်းကို ရေနွေးအိုး (၂) အိုး မပြတ်ဖြည့်ပေးရတယ်၊ လက်ဖက်အကြော် လိုက်ရတယ်။ ဆေးလိပ်၊ကွမ်းအစ် လျော့သွားတိုင်းဖြည့်ရတယ်။ လက်သုတ်ပုဝါ အသစ်လဲရတယ်။ ထွေးခံ၊ ဆေးလိပ်ပြာခွက်သွန်ရတယ်။
ထမင်းကျွေးတာကတော့ ပဲလုံးဆေးခါး၊ ၀က်သားဟင်း ဒါမှမဟုတ် ငါးခြောက်ဟင်း၊ ငရုတ်သီးကြော်၊ ငါးမုန့်ကြော်၊ သရက်ချဉ်သုတ် စတဲ့ဟင်းတွေနဲ့ တောင်းထဲမှာ ငှက်ပျောဖက်နဲ့အုပ်ပြီးထည့်ထားလို့ ငှက်ပျောဖက်နံ့လေးသင်းနေတဲ့ပေါင်းထမင်းပူပူနဲ့ကျွေးလေ့ရှိကြတယ်။ တခါစားပြီးတဲ့ဝိုင်းကို စားပွဲခင်းပေရင်စားပွဲခင်းအသစ်လဲ၊ လက်ဆေးဇလုံအသစ်လဲ၊ ထမင်းပွဲ ဟင်းပွဲအသစ်ပြင်ပြီး တသုတ်ပြီးတသုတ်ကျွေးဖို့ပြင်ရတယ်။ ဧည့်သည်တွေစားနေတုံးလဲ ထမင်း၊ ဟင်း လိုတာလိုက်။ ထမင်းစားပြီးရေသောက်ဖို့ သပ်သပ်တန်းစီချထားတဲ့ စားပွဲတွေပေါ်မှာ ပန်းအိုးလှလှလေးတင်ပြီး ဖန်ခွက်တွေကိုရေမပြတ်တန်းဖြည့်ဖို့၊ လက်သုတ်ပုဝါတွေ အသစ်လဲဖို့ကတော့ အပျိုပေါက်လေးတွေရဲ့ တာဝန်ပေါ့။
ရပ်ကွက်အလိုက် အဲလိုဧည့်ခံတာမှာ ထောင့်စေ့ရင်စေ့သလို ချီးကျူးခံရပြီးနာမည်ကောင်းရသလို တခုခုလစ်ဟာ ရင်လဲ ကဲ့ရဲ့တာခံရတတ်တာမို့ တာဝန်ပေးခံရတဲ့ရပ်ကွက်တိုင်းက ကြိုးစားပြီး အကွက်စေ့အောင် လုပ်ကြရပါတယ်။ ဥပမာ ဘယ်ရပ်ကွက်ကတော့ ထမင်းကျွေးတာတော်တယ်။ ဘယ်ရပ်ကွက်ကတော့ ဘယ်အလှူမှာ ရေနွေးတည်တာ ဘယ်လိုပေါ့။ တချို့ဧည့်ခံတာနာမည်ကြီးတဲ့ရပ်ကွက်တွေကိုဆို တခြားရွာတွေကတောင် သူတို့အလှူမှာ လာ ကူညီပေးဖို့ ဖိတ်ကြတယ်။
ကျွန်မတို့ဆီမှာ ပုံမှန် အလှူပွဲရက်က အလှူပြင်နေ့ (ရှင်လောင်းကန်တော့နေ့လို့လဲ ခေါ်တဲ့ ရှင်လောင်းလှည့်နေ့)၊ လက်ဖွဲ့စွပ်နေ့၊ တရားနာနေ့ (ရေစက်ချတဲ့နေ့) ဆိုပြီး (၃)ရက်ရှိတယ်။ တရက်ကို နေ့တ၀က်လောက် ဧည့်ခံရတာမို့ ဝေယျာဝိစ္စလုပ်ရတဲ့လူတွေမစားသာပါဘူး။ တခါတလေ တော့ လက်ဖွဲ့စွပ်နေ့နဲ့ တရားနာနေ့ကိုပေါင်းပြီး တရက်ထဲ လုပ်လိုက်တော့ အလှူကတော့၂ ရက်ထဲပေါ့ ။ ဒါပေမယ့် မနက်စာထမင်းရော၊ နေ့လည်စာထမင်းရော တရက်ထဲမှာ ၂ခါကျွေးရတော့လည်း မသက်သာပါဘူး။
ဒါကြောင့်မို့လို့ အလှူတခုပြီးမြောက်သွားတဲ့အခါ ပင်ပန်းကြတဲ့ လူငယ်တွေ အပန်းလဲပြေ၊ ပျော်လဲပျော်ရအောင် တီးမှုတ်ကခုန်ကြ၊ စားသောက်ကြဖို့ မီးဆုခံ အကဆိုပြီး ကကြတဲ့ ဓလေ့ဖြစ်လာတယ်လို့ ထင်ပါတယ်။ အလှူ့ရှင် တွေဘက်ကကြည့်တော့လဲ အလှူအောင်ပွဲအထိမ်းအမှတ်ဖြစ်သလို အလှူမှာ ၀ိုင်းဝန်းကူညီလုပ်ကြတဲ့ လူငယ်တွေကို ပြန်ပြီးကျေးဇူးတုံ့ပြန်တဲ့သဘောလဲပါမှာပါ။
အဲဒီတော့ အလှူတခုပြီးသွားပြီဆိုရင် သက်ဆိုင်ရာ ရပ်ကွက်တွေက ညနေစောင်းဆိုရင် လူစုပြီး အလှူအိမ်ကို အတီးအမှုတ်တွေနဲ့ သွားကြ။ ဒီနေ့ကဒီရပ်ကွက်က ကတယ်ဆိုရင် နောက်နေ့ တခြားရပ်ကွက်အလှည့်ပေါ့။ အဲဒီတော့ အလှူကြီးရင် ကြီးသလို အလှူပြီး တပတ်လောက်အထိက အလှူအိမ်မှာ ရှမ်းအိုးစည်သံတညံညံ ကြားရတုံး။
ကျွန်မတို့ငယ်ငယ်ကဆို အလှူတခုပြီးသွားရင်ညနေဘက် မီးဆုခံကမယ်ဆိုတာကြားတာနဲ့ ရှေ့ဆုံးကနေ ပြေးပြီး ကြည့်ကြတာ။ ကိုယ့်အမျိုးအလှူဆိုရင်တော့ ပိုလို့တောင်ပျော်သေး။ အပျိုချောချောလေးတွေ ချွေးတစိုစို၊ အပြုံးမပျက် ငွေဖလားကို လှည့်ပတ်ကနေတာကို ငေးရင်း အားကျပျော်ရွှင်ခဲ့တာပေါ့။
ခုထိမျက်စိထဲမှာမြင်ယောင်နေသေးတဲ့အမတယောက်ဆို သူက တက္ကသိုလ်ကျောင်းပိတ်လို့ပြန်လာတဲ့ အချိန်နဲ့ကျွန်မတို့အမျိုးတယောက်အလှူလုပ်တဲ့ အချိန်နဲ့တိုက်ဆိုင်တော့ မီးဆုခံကချိန်မှာဝင်ကတာ။ နဂိုကလဲ ချောတဲ့လူ၊ သူ့ကို လဲ မြင်ရခဲတော့ သူကတာလေးကို ကြည့်လို့ကို မ၀ခဲ့ဘူး။ ကျွန်မတို့ ဦးလေးလူပျိုတယောက်ကလဲ သူ့ကိုပိုးပြီး အလှူငွေတွေ မငြင်းတမ်းထည့်တော့ ရပ်ကွက် ရံပုံငွေလဲ အတော်ရသွားတယ်။ အဲလိုမျိုးလေးတွေလဲရှိပါတယ်။ :) ။ ဒါပေမယ့် အဲဒီအမကြီးက ကျောင်းဖွင့်တော့ မန္တလေးပြန်သွားပြီး ဇာတ်လမ်းက ဆက်ရန်မရှိဖြစ်သွားတယ်နဲ့တူပါတယ်။
ဒီဓါတ်ပုံလေးတွေကတော့ ဓါတ်တော်တိုက် ၂၀၁၀ နှစ်သစ်ကူးမင်္ဂလာပွဲမှာ ကျွန်မရဲ့မောင်နှမတွေ ပါဝင်တင်ဆက်ခဲ့တဲ့ အမှတ်တရ ပုံလေးတွေဖြစ်ပါတယ်။
မိုးဦးရော ကဖူးလားလို့မမေးပါနဲ့။ ကဖူးပါတယ်။ ဒါပေမယ့် မိန်းခလေးလိုတော့မဟုတ်ဘူး။ ရပ်ကွက်ထဲမှာ အပျိုတွေကများပြီး၊ တွဲကဖို့ ယောက်ျားလေးမလောက်တော့ အရပ်ရှည်ရှည်ကလန်ကလားနဲ့ ရှစ်တန်းကျောင်းသူ ကျွန်မကို ရှမ်းဘောင်းဘီနဲ့ တိုက်ပုံ ဆင်ပေးပြီး လူကြီးတွေက ချော့ပြီးကခိုင်းခဲ့တာလေ။ :)
အင်းလေးလုံကျီင်္လေးကြိုက်တယ်၊
ReplyDeleteတိုင်းရင်းသား ၀တ်စုံတွေ ကြိုက်တယ်၊
ပဲလုံးဆေးခါးဟင်းရည်နဲ့ ထိုဖူးဟင်း၊ တောင်ကြီးက အင်းလေး ထမင်းဆိုင်မှာ အမြဲစားတယ်၊
အခုတော့ ဝေးနေတာကြာပြီ၊ လွမ်းမိတယ်ကွယ်။
တခါမှ မကြားဖူး၊ မမြင်ဖူးဘူးဗျ။ စိတ်ဝင်စားစရာကောင်းတယ်နော်။ တယောက်နဲ့တယောက် စနောက်ရင်း ကကြတော့ ပျော်စရာကောင်းမှာတော့ အသေအချာပါ.... ဖတ်ရတဲ့လူလဲ ကြည်နူးရတယ်ဗျာ။
ReplyDeleteမြန်မာပြည်ကနေ နောက်ဒီလိုပွဲလေးတွေရှိရင် Video ရိုက်တင်ပါ့လား....
မမအပြုံးပန်းရေ...ဒီမှာဆေးခါးဟင်းရည်ချက်စားလို့ရပေမယ့်လည်းမတူဘူးနော်။ (ဆေးခါးမှုန့်ကို pnsl သုံးထပ်ကရွှေသရဖူမှာဝယ်တယ်)
ReplyDeleteကိုဟတ်...ဟုတ်ပါတယ်။ ဒေသခံမဟုတ်တဲ့လူတွေဆိုရင်ဒီလိုပွဲမျိုးကို ကြုံဖူးဖို့ရှားပါလိမ့်မယ်။ တကယ့်ရှင်ပြုအလှူမှာရိုက်ထားတဲ့ Video တင်နိုင်ဖို့ကြိုးစားပါ့မယ်။
မိုးဦးရေ. စာဖတ်ပြီး လွမ်းမိလို့ပဲဗူးသွားဝယ်ပြီး
ReplyDeleteပဲထွန်ဆေးခါးဟင်းချက်စားလိုက်ပြီ...
ဆေးခါးမှုန့်
မပါ ပဲလည်းမတူ ...ကျေးဇူးတင်တယ်.အလွမ်းပြေလေးတွေ..
စိတ်ဝင်စားစရာ ပွဲလေးကို လာရောက် ခံစားသွားတယ်နော် ညီမ
ReplyDeleteခင်တဲ့
ရွှေစင်